Left Continue shopping
Your Order

You have no items in your cart

www.fullertonmart.com

Pencilo's book

လောင်မြိုက်တတ်သော

လောင်မြိုက်တတ်သော

"ဟော့ဒီက ငါးသည်၊ ငါးခူပါတယ်။ ငါးကြင်းပါတယ်။
ငါးတန်ပါတယ်။ ပုဇွန်ပါတယ်"

အိမ်အပြင်က အော်သွားသည့် ငါးသည်အသံကြောင့် ကိုစောလွင် ခေါင်းထောင်သွားသည်။ ငါးခူလေးမစားရတာ ကြာပြီမဟုတ်လား။ လူက နေမကောင်းထားသည့်အရှိန်၊ ကျောင်းမှာပင်ပန်းသည့်အရှိန်ဖြင့် သိပ်မဟန်။ ရက်ပေါင်းများစွာ ပျက်နေသည့် ပါးစပ်က ငါးခူကို သွေးတောင်းသလို ပါးစပ်ထဲ တံတွေးများပင် ရွှဲလာသည်။ ငါးခူစင်းကောလေးကို ဆီပြန် ရှမ်းနံနံလေးနှင့် ချက်ကာ ပဲကြီးဟင်းရည်လေးဖြင့် ဆွဲလိုက်ရင် ဘယ်လောက်ထမင်းမိန်လိုက်မလဲ။ ကျောင်းဆရာကိုစောမောင် အိန္ဒြေမဆည်နိုင် အပြင်ထွက် ငါးသည်ကို လှမ်းခေါ်လိုက်သည်။

Eaint Poe Ou
Read more
အမျိုးသမီးမဝင်ရ

အမျိုးသမီးမဝင်ရ

ခေတ်အဆက်ဆက်ယောကျာ်းတွေ သိပ်တော်ခဲ့ကြပါတယ်။ယောက်ျားအင်္ဂါရှိရုံနဲ့မိန်းမတွေထက် အလိုလိုနေရင်း မြတ်တယ်ဆိုတာ မိန်းမတွေကိုယ်တိုင် လိုလိုလားလား လက်ခံနိုင်လောက်အောင်ကို ရိုက်သွင်းနိုင်ခဲ့ကြလို့။
"ဖေဖေ---သမီးကဘာလို့ ဟိုဘုရားကြီးကို ဖေဖေ့လိုသွားကိုင်ပြီးကန်တော့လို့မရတာလဲ"
Eaint Poe Ou
Read more
လူဖြစ်ခွင့်မပေးပါနဲ့တော့ မေမေ

လူဖြစ်ခွင့်မပေးပါနဲ့တော့ မေမေ

ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲမေမေ။ ကျွန်တော်မရခဲ့ဘူး။ အမေ့ဝမ်းကကျွတ်ကတည်းက ကျွန်တော့်ကို ပြုံးကြည့်နေမယ့် ပီတိမျက်နှာတွေကို မမြင်ခဲ့ရဘူး။ ကျွန်တော့်ကို မလိုမလားငုံ့မိုးကြည့်နေတဲ့ အန်တီကြီးမျက်နှာကိုပဲ မြင်ခဲ့ရတယ်။
ကျွန်တော်ဗိုက်ဆာတယ်အမေ။ အမေ့ရဲ့သွေးတွေကနေ မိဘမေတ္တာကို ဖြတ်သန်းစီးဆင်းလာလို့ အနီကနေ အဖြူအဖြစ်ပြောင်းလာတဲ့ နို့ချိုတစ်စက်လောက် ကျွန်တော်သောက်ခွင့်ရချင်လိုက်တာ။
ဒါပေမယ့် ကျွန်တော်မရခဲ့ဘူးအမေ။
Eaint Poe Ou
Read more